ဘာတွေက အာရုံကြောနာကျင်မှုကို ဖြစ်စေတာလဲ
အာရုံကြောနာကျင်တာက အာရုံကြောတွေကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ဦးနှောက်ဆီကို ခံစားသိရှိမှုတွေကို သယ်ဆောင်သွားတဲ့ အာရုံကြောမှာ နာကျင်မှုကို ခံစားရတာပါ။ ဒီနာကျင်မှုက အခြားသော နာကျင်မှုတွေနဲ့ မတူတဲ့ နာကျင်မှုတွေပါ။
အာရုံနာကျင်မှုတွေက အမျိုးမျိုးပါပဲ။
- Post-herpetic — ရေယုန်ပေါက်တဲ့နေရာမှာ နာကျင်စေတဲ့ နာကျင်မှု [ဒီနာကျင်မှုကို ရေယုန်ပေါက်တဲ့နေရာမှာ ခံစားရနိုင်ပါတယ်]
- Trigeminal— မေးရိုးနဲ့ ပါးတဝိုက်မှာ ခံစားရတဲ့ နာကျင်မှုပါ
- Occipital — ဦးခေါင်းခွံရဲ့ အောက်ခြေပိုင်းမှာ နာကျင်မှုကို ခံစားရနိုင်ပြီး ဦးခေါင်း နောက်ဖက်ခြမ်းအထိ ရောက်ရှိ ခံစားရတဲ့ နာကျင်မှုပါ
- Pudendal — ခြေထောက် ၂ ခုကြားမှာ ခံစားရတဲ့ နာကျင်မှုပါ။
အာရုံကြောနာကျင်ရင် ဘယ်လိုတွေ ခံစားရနိုင်လဲ?
အာရုံကြောနာကျင်တာက တစ်ခါတရံမှာ စူးခနဲနာကျင်တာ၊ ပူလောင်သလိုလို ခံစားရတာမျိုးပါ။ ဓာတ်လိုက်သလို စူးခနဲ ကျင်ခနဲ ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ရုတ်တရက် ထိကိုင်မိချိန်နဲ့ အေးသွားတဲ့ အခြေအနေတွေမှာ အာရုံကြော နာကျင်တာကို ခံစားရနိုင်ပါတယ်။
အာရုံကြော နာကျင်တာက ညဘက်တွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ သိပ်မပြင်းထန်တာကနေ အရမ်းပြင်းထန်တာမျိုးအထိ ခံစားရနိုင်ပါတယ်။ အာရုံကြောနာကျင်တာက နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေ ဖြစ်တဲ့ အိပ်စက်တာ၊ ကိုယ်လက်နှီးနှောတာ၊ အလုပ်လုပ်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေကိုပါ ထိခိုက်စေတာမျိုးတွေ ရှိလာနိုင်ပါတယ်။
အချို့သောသူတွေမှာ အာရုံကြော နာကျင်တာ စိတ်ဆိုးဒေါသဖြစ်စေတာမျိုး ဖြစ်စေနိုင်သလို စိုးရိမ်စိတ်များတာ၊ စိတ်ဓာတ်ကျတာတွေကိုပါ ခံစားရစေနိုင်ပါတယ်။
ဘာတွကများ အာရုံကြော နာကျင်စေတာလဲ?
အာရုံကြော နာကျင်တယ်ဆိုတာက ပင်မအာရုံကြောစနစ်မှာ ပြဿနာလေးတွေ ရှိနေတာကြောင့်ပါ။ ကြွက်သားတွေ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ သွားတဲ့ အာရုံကြောတွေမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက ထိခိုက်မိတာကြောင့် ဖြစ်နိုင်သလို ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အတွေ့ရများတဲ့ ပြဿနာတွေကတော့
- ဦးနှောက်၊ ကျောရိုးမ နဲ့ အာရုံကြောတွေမှာ ထိခိုက်ဒဏ်ရာရတာ
- အာရုံကြောတွေဆီ သွေးစီးဆင်းရောက်ရှိမှု နည်းတာ
- အရက်အလွန်အကျွံ သောက်တာ
- ကိုယ်အင်္ဂါ ဖြတ်တောက်ကုသမှု ခံယူပြီးနောက် နာကျင်မှု ခံစားရတာ
- ဗီတာမင် ဘီ12 ဒါမှမဟုတ် သီရာမင်း ချို့တဲ့နေတာ
- အချို့သော ဆေးဝါးတွေကြောင့် ဖြစ်နိုင်သလို
အာရုံကြောနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့
- ရေယုန်ဖြစ်စေတဲ့ ပိုးကူးစက်ခံရတာ
- AIDS ရောဂါ ရှိနေတာ
- ဆီးချိုရှိနေတာ
- လေဖြတ်တာ
- ကင်ဆာ ကုထုံး ခံယူနေတာ
- အာရုံကြောညပ်နေတာတွေကြောင့်လည်း အာရုံကြော နာကျင်နိုင်ပါတယ်။
ဘယ်လို သိရှိနိုင်မလဲ?
ဆရာဝန်က သင်ခံစားရတာကို နားထောင်ပြီး အဖြေထုတ်ပေးမှာပါ။ စစ်ဆေးမှုအနေနဲ့ ကြွက်သားတွေရဲ့ သန်မာမှုနဲ့ ထိတွေ့မှုကို ဘယ်လောက် သိရှိတုံ့ပြန်နိုင်လဲဆိုတာအပေါ်မှာ အခြေခံပြီး အဖြေထုတ်ပေးမှာပါ။ သွေးစစ်တာ၊ CT scan ရိုက်တာ၊ MRI scan စစ်ဆေးတာလိုမျိုး အာရုံကြောကို စစ်ဆေးမှုတွေ လုပ်ဆောင်မှာပါ။
ဘယ်လို သက်သာအောင်လုပ်မှာလဲ?
အာရုံကြောနာတာကို သက်သာစေဖို့ဆိုရင်တော့ နည်းလမ်းတွေကတော့ အများကြီးပါ။ နာကျင်ရတဲ့ အကြောင်းရင်းကို လိုက်ပြီး သက်သာအောင် လုပ်ရတဲ့ နည်းလမ်းတွေကလည်း ကွာခြားနိုင်ပါတယ်။
အာရုံကြောနာကျင်ပြီဆိုရင် အရင်ဆုံး အနေနဲ့ အကိုက်အခဲပျောက်ဆေးတိုက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ သက်တောင့်သက်သာ ဖြစ်အောင် လုပ်ဆောင်ပေးတာမျိုးတွေ လုပ်ဆောင်ပေးမှပြါ။
အာရုံကြောနာကျင်တာက ကုသရ ခက်ခဲပါတယ်။ ဆီးချိုရောဂါနဲ့ ဗီတာမင် ဘီ12 ချို့တဲ့မှုတွကြောင့် အာရုံကြော နာကျင်မှုတွေအတွက်တော့ ရောဂါအရင်းခံကို သေချာလေး သက်သာအောင် ထိန်းချုပ် လုပ်ဆောင်ဖို့ လိုပါမယ်။ စိတ်ဖိစီးတာမျိုးကြောင့် ဖြစ်မယ်ဆိုရင်တော့ စိတ်ဖိစီးမှု ပြေလျော့အောင် လုပ်ဆောင်ပေးတာမျိုး လုပ်ပေးရမှာပါ။
မွန်မွန်